မြန်မာ့ဟစ်တိုင်


လှိုက်လှဲ ပျူငှာစွာ ကြိုဆိုပါ၏...


အသင်းဝင်များ၏ စည်းကမ်းချက်များ

စည်းကမ်းသည် လူ့တန်ဖိုးဟု အဆိုရှိပါတယ်...မိတ်ဆွေများအနေဖြင့် တန်ဖိုးရှိသော လူသားများအဖြစ် ဒီနေရာလေးမှာ ဖော်ကျူးကြရအောင်ဗျာ...

အသင်းဝင်များ၏ စည်းကမ်းချက်များ

Postby admin » Fri Sep 18, 2009 8:00 pm

ဆောင်ရန် .. (၁) အသင်းဝင်သည် တခြားအသင်းဝင်ရေးသော ဆွေးနွေချက်မှတဆင့်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ အကူအညီအကျိုးတစ်စုံတစ်ရာရခဲ့လျှင် ကျေးဖူးတင်ကြောင်းပြောကြားပေးရမည်။ (၂) မျှဝေပေးမှုများသည် အခြားမည်သည့်နေရာကမဆှို ရယူပါက သက်ဆိုင်ရာနေရာကို အတိအလင်းရေးသားဖော်ပြပေးရမည်။ (၃) ဆွေးနွေးခန်းတစ်ခုကိုဖွင့်၍ စတင်ဆွေးနွေးမည်ဆိုပါက ၄င်းဆွေးနွေးခန်းနှင့် အလားတူဆွေးနွေးခန်းမျိုးရှိ၊ မရှိကိုအရင်လေ့လာပြီး မရှိမှာသာလျှင် ဆွေးနွေးခန်းအသစ်စတင်ဆွေးနွေးရမည်။ (၄) အသင်းဝင်များသည် မည်သည့်အကြောင်းအရာမဆို လွတ်လပ်စွာ သဘောထားကွဲလွဲရေးသားပိုင်ခွင့်ရှိသည်။ (၅) မကျေနပ်မှူ တစ်စုံတစ်ရာရှိက အုပ်ချုပ်သူအသင်းဝင်များထံသို့ သီးသန့်စာပေလွှာ ပို့၍တိုင်ကြားနိုင်သည်။ (၆) အသင်းဝင်တိုင်း၏စက်များတွင် ဇော်ဂျီယူနစ်ကုတ်စနစ်အား သွင်းထားပေရန်လိုအပ်သည်။ ရှောင်ရန် .. (၁) နိုင်ငံရေးနှင့်ဆက်နွယ်ပတ်သက်သော ဆွေးနွေးချက်များ၊ ရုပ်ပုံများ၊ သီချင်းများ၊ရုပ်ရှင်ဗီဒီယိုများနှင့် အသုံးအနှုံးများအားဖော်ပြရေးသားခွင့်လုံးဝ (လုံးဝ) မပြု။ (၂) မြန်မာနိုင်ငံတွင် ယခုလက်ရှိအသုံးပြုနေသော ဥပဒေများနှင့် ညိစွန်းသည့် ဆွေးနွေးချက်များကို ရေးသားခြင်း (လုံးဝ) လုံးဝ မပြုလုပ်ရ။ (၃) ညစ်ညမ်းသော ရေးသားချက်များ၊ ရုပ်ပုံများ၊ သီချင်းများ၊ ရုပ်ရှင်ဗီဒီယိုများနှင့် အသုံးအနှုံးများအပါအ၀င် ရေးသားချက်များကို ရေးသားခွင့် လုံးဝမပြု။ (၄) ဆွေးနွေးချက်များရေးသားရာတွင် ဘားဂလစ် (မြန်မာအသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာဖြင့်ရိုက်နှိပ်ရေးသားခြင်း) ဖြင့်ရေးသားခြင်းကို လုံးဝခွင့်မပြု။ (၅) သက်ဆိုင်ရာပုဂ္ဂိုလ်၏ ခွင့်ပြုချက်မရသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်လက်များကို ဖော်ပြရေးသားခွင့် လုံးဝမပြု။ (၆) ဆွေးနွေးချက်ကို ရေးသားရာတွင် အလွန့်ဖျော့တော့ သောအရောင်များသုံးစွဲ၍ ရေးသားခြင်းအား ရှောင်ကြည်ရမည်။ (၇) ရေးသားရာတွင်အလွန်သေးသော စာလုံးဆိုက်ဒ်များ (သိုမဟုတ်) အလွန်ကြီးသော စာလုံးဆိုက်ဒ်များဖြင့်ရေးသားချင်းမပြုရ။ (၈) ဆွေးနွေးခန်းစတင်သူသည် စတင်သည့် အကြောင်းအရာ ခိုင်လုံခြင်းမရှိသည့် အရာများကို ဆွေးနွေးခန်းအသစ်ဖွင့်၍ ဆွေးနွေးခြင်းမရှိစေရ။ (၉) အသင်းဝင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှူကို ပျက်ပြားစေမည့် မိုက်ရိုင်းယုတ်မာသော အသုံးအနှုန်းများ၊ ဆဲရေးတိုင်းထွာခြင်းများကို ဆွေးနွေးချက်များတွင် အသုံးပြုခွင့်မပြု။
admin
Site Admin
 
Posts: 7
Joined: Fri Sep 18, 2009 5:42 pm

Return to စည်းကမ်းချက်များ

Who is online

Users browsing this forum: No registered users and 1 guest



cron